Sunday, 12 July 2020

အမျိုးသားကျန်မားရေး

သုတ်လွှတ်စောခြင်းနှင့် သဘာ၀အသီးအနှံများ

အမျိုးသားစွမ်းဆောင်ရည်ကျဆင်းလာရခြင်းကလည်း 
အသက်အရွယ်ကြီးရင့်လာတာနဲ့အမျှအမျိုးသားတော်တော်များများမှာ
 ဖြစ်တတ်တဲ့ ပြဿနာဖြစ်ပါတယ် ။ ဒါကြောင့် သင့်အနေနဲ့ စွမ်းဆောင်ရည်ကျဆင်းမသွားစေဖို့ဘယ်လိုနေထိုင်စားသောက်သင့်သလဲဆိုတာကိုပထမဆုံးအနေနဲ့နားလည်ထားသင့်ပါတယ်။သင့်ရဲ့မီးဖိုချောင်မှာရှိတဲ့ သာမှန်အစားအသောက်တွေကနေပဲအမျိုးသားစွမ်းဆောင်ရည်ကို 
မြှင့်တင်ပေးနိုင်ပါတယ် ။

ယခုဖော်ပြပေးမှာတွေကတော့ ကျွန်တော်တို့ မြန်မာနိုင်ငံမှာပဲ လွယ်လင့်တကူရရှိနိုင်တဲ့ ဆေးဖက်၀င်အစားအစာများပဲဖြစ်ပါတယ် ။

(၁) ကြက်သွန်ဖြူ 

ကြက်သွန်ဖြူကတော့ အိမ်တိုင်းမှအပေါများဆုံးနဲ့ အမျိုးသားကျန်းမာရေးအတွက် အကောင်းဆုံး 
အစားအသောက်တစ်ခုဖြစ်ပါတယ် ။ ကြက်သွန်ဖြူဟာ ရောဂါပိုးများကိုသေစေရုံတင်မကပဲ 
ကိုယ္ခံအားစနစ္ကို ကောင်းမွန်စေတဲ့ ဂုဏ်သတ္တိလဲ ရှိပါတယ် ။ကြက်သွန်ဖြူမှာပါတဲ့ Allacin ဟာ 
ကိုယ်ခန္ဒာမှာရှိတဲ့ သွေးကြောတွေရဲ့သွေးလည်ပတ်မှုကို အထူးကောင်းမွန်စေပါတယ် ။ ဒါကြောင့် 
လိင်ဆက်ဆံတဲ့ အခါမွာလဲ အမျိုးသားစွမ်းဆောင်ရည်ကို မြှင့်တင်ပေးတာပါ ။

(၂)ကြက်သွန်နီ 

ကြက်သွန်နီကိုလဲ ကာမအားတိုးဆေးတစ်ခုအဖြစ် သုသေသီများက ယူဆထားကြပါတယ် ။ ကြက်သွန်နီဥကြီးတစ်လုံးကိုယူ အခွံခွာပြီး ထုခြေလိုက်ပါ ။ ပြီးနောက် ထော်ပတ်အနည်းငယ်နှင့်ရောပြီး ကြော်လိုက်ပါ 
။ ရလာသောအရောကို ပျားရည် လက်ဖက်ရည်ဇွန်းတစ်ဇွန်း နှင့် နေ့စဉ် တစ်ကြိမ် မှီ၀ဲပေးပါ ။ ဒါဆိုရင် သုတ်လွှတ်စောခြင်း ၊ ပန်းသေပန်းညှိုးဖြစ်ခြင်း ၊ ညအိပ်ပျော်နေစဉ် အလိုအလျောက် သုတ်လွှတ်ခြင်း တို့ကို သက်သာပျောက်ကင်းစေနိုင်ပါတယ် ။

(၃) မုန္လာဥအနီ

မုန္လာဥနီ အလတ်စားအရွယ်တစ်လုံးကိုယူပြီး ပါးပါးလှီးလိုက်ပါ ။ ပြီးနောက် ကြက်ဥအကာကျက်တစ်လုံးပျားရည်စားပွဲတင်ဇွန်းတစ်ဇွန်းနှင့် ရောမွှေလိုက်ပါ။တစ်လလောက်တစ်နေ့ကိုတစ်ကြိမ်မှီ၀ဲပေးပါ။
လိင်ဆက်ဆံလိုစိတ်အားနည်းနေတဲ့သူတွေအတွက် အထူးသင့်လျော်ပါတယ် ။ အမျိုးသားစွမ်းဆောင်ရည် အားကိုလဲ မြင့်မားစေပါလိမ့်မယ် ။

(၄) ဖရဲသီး

ဖရဲသီးမှာပါ၀င်တဲ့Lcitrullineဟာ သွေးလည်ပတ်မှုကိုမှန်ကန်ကောင်းမွန်စေပါတယ် ။ဒါကြောင့်ဖရဲသီးကို နေ့စဉ်မှီ၀ဲပေးတာကလဲ အမျိုးသားများကျန်းမာရေးအတွက် ကောင်းမွန်စေပါတယ် ။
 
(၅) ဂျင်းဖျော်ရည်

ဂျင်းဖျော်ရည် လက်ဖက်ရည်ဇွန်း
တစ်၀က်ခန့်ကို ကျက်ဥအကာကျက်တစ်လုံးနှင့် ပျားရည်တို့နဲ့ရောပြီး 
တစ်ညတစ်ခါ သောက်ပေးပါ ။ သုတ်လွှတ်စောတာ ၊ စွမ်းဆောင်ရည်အားနည်းတာတွေကို သိသိသာသာ 
အထောက်အကူပြုပါတယ် ။

Credit //

No comments:

Post a Comment

အမျိုးသားများအတွက် အိမ်တွင်းဖြစ် ကျားခွန်အားဖြည့် သဘာ၀အားဆေး

အမျိုးသားများအတွက် အိမ်တွင်းဖြစ် ကျားခွန်အားဖြည့် သဘာ၀အားဆေး အမျိုးသားခွန်အားအတွက် အားတိုးဆေးအမျိုးမျိုးကို ၀ယျသောကျရတာ ငွေကုန်နေလို့ စိတ်ညစ...